ကျွန်တော့်အတွက် သူဖြစ်ခွင့် မရရင် သူ့ အတွက်တော့ ကျွန်တော်ဖြစ်ချင်မိတယ်။ ဘယ်လောက်များတောင် ရူးလဲဆို ကျွန်တော့် အသိဥာဏ်တရားကို သူ့အတွက် ငယ်ထားချင်တယ်..။ ကျွန်တော့်ရဲ့ နေရာလွတ်ကို သူ့အတွက် ဖယ်ထားပေးချင်တယ်။ သူ့ကို စာလုံးပေါင်းတယ်..။ သံယောဇဉ်လို့ အသံထွက်ပြီး ... နာကျင်မှုလို့ အဓိပ္ပာယ်ရတယ်.. သူ့ကို နောက်ယောင်ခံလိုက်တဲ့ နေ့တွေဆို ကျွန်တော်ဘာစားစား ချိုနေတော့တာပဲ..။

Thursday 29 July 2010

ဘာတွေဖြစ်ဖြစ်...ဘာပဲဖြစ်ဖြစ်

မရေ.......

ကျွန်တော် မ..ကိုချစ်တယ်
မ..သိရဲ့လားဟင်
ဘယ်လို အနေအထားမှာပဲ ဖြစ်ဖြစ် မကိုချစ်တဲ့စိတ်က လျော့မသွားပါဘူး မရယ်
ကျွန်တော့်ကို ဘယ်လိုပဲ မဘက်က သဘောထားနေနေပေါ့
ကျွန်တော့်ကို နားလည်စေချင်တယ်
နားလည်ပေးစေချင်ပါတယ် မရယ်
ဘာပြောရမှန်း မသိဘူး...သိလား
ပြောချင်တဲ့စကားတွေကတော့ ရင်ထဲမှာ အပြည့်ပါ..
ဒါပေမယ့် နောက်ဆုံး ပြောရမယ့် စကားက မကို သိပ်ချစ်တယ်ဆိုတဲ့ စကားပဲ ဖြစ်လာမှာမို့
ပြောချင်တာတွေ....အကုန်လုံးကို ချုံ့ပြောလိုက်ပါတယ်
မ..ကို သိပ်ချစ်တယ် ..မရယ်..
ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ်ပါ..
ကျွန်တော် မ..ကို သိပ်ချစ်တယ်.

1 comment:

  1. hello my friend! warm greeting ^^!
    your blog looks nice 0_0

    by the way,
    if you need to find unique fonts, you can go to our website.

    best regards;

    ReplyDelete

မ .. ပဲ သိတဲ့ ဆိုဒ်လေ.. မ..ရေးချင်တာရေးခဲ့ပေါ့