ကျွန်တော့်အတွက် သူဖြစ်ခွင့် မရရင် သူ့ အတွက်တော့ ကျွန်တော်ဖြစ်ချင်မိတယ်။ ဘယ်လောက်များတောင် ရူးလဲဆို ကျွန်တော့် အသိဥာဏ်တရားကို သူ့အတွက် ငယ်ထားချင်တယ်..။ ကျွန်တော့်ရဲ့ နေရာလွတ်ကို သူ့အတွက် ဖယ်ထားပေးချင်တယ်။ သူ့ကို စာလုံးပေါင်းတယ်..။ သံယောဇဉ်လို့ အသံထွက်ပြီး ... နာကျင်မှုလို့ အဓိပ္ပာယ်ရတယ်.. သူ့ကို နောက်ယောင်ခံလိုက်တဲ့ နေ့တွေဆို ကျွန်တော်ဘာစားစား ချိုနေတော့တာပဲ..။

Thursday 29 July 2010

ဘာတွေဖြစ်ဖြစ်...ဘာပဲဖြစ်ဖြစ်

မရေ.......

ကျွန်တော် မ..ကိုချစ်တယ်
မ..သိရဲ့လားဟင်
ဘယ်လို အနေအထားမှာပဲ ဖြစ်ဖြစ် မကိုချစ်တဲ့စိတ်က လျော့မသွားပါဘူး မရယ်
ကျွန်တော့်ကို ဘယ်လိုပဲ မဘက်က သဘောထားနေနေပေါ့
ကျွန်တော့်ကို နားလည်စေချင်တယ်
နားလည်ပေးစေချင်ပါတယ် မရယ်
ဘာပြောရမှန်း မသိဘူး...သိလား
ပြောချင်တဲ့စကားတွေကတော့ ရင်ထဲမှာ အပြည့်ပါ..
ဒါပေမယ့် နောက်ဆုံး ပြောရမယ့် စကားက မကို သိပ်ချစ်တယ်ဆိုတဲ့ စကားပဲ ဖြစ်လာမှာမို့
ပြောချင်တာတွေ....အကုန်လုံးကို ချုံ့ပြောလိုက်ပါတယ်
မ..ကို သိပ်ချစ်တယ် ..မရယ်..
ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ်ပါ..
ကျွန်တော် မ..ကို သိပ်ချစ်တယ်.

Saturday 29 May 2010

မောင့်ကိုအရမ်းချစ်တယ်

မောင်ရေ...

မောင့်ကိုအရမ်းချစ်နေမိပြီ....တစ်ခါတစ်လေမောင့်ကိုအရမ်းသတိရရင်ဘာလုပ်ရမလဲမသိဘူးနော်။

မောင်ကကော....မ...ကိုသတိရနေလား။

မောင်နဲ့ဝေးမှာကိုကြောက်နေမိပြီမောင်ရေ..အရင်ကဆိုသ၀န်တိုတတ်တယ်ဆိုတာဘာမှန်းမသိခဲ့ဘူး။

မောင်နဲ့တွေ့ပြီးမှဒါတွေကိုသိလာတယ်။မောင့်ရဲ့အချစ်ကို..မတစ်ယောက်ဘဲပိုင်ဆိုင်ချင်တယ်မောင်ရယ်။

Monday 24 May 2010

Sunday 23 May 2010

မ..ရေ..

မရေ...
မ..ကို လွမ်းတယ်...
မ.သိရဲ့လား...
မောင့်နားမှာ.......... မ..ကိုယ်ပွား ဓါတ်ပုံလေးက..... အခု မောင့်ကို ပြုံးပြနေတယ်..မရဲ့..
လှလိုက်တာ..မရယ်.. မောင့် စိတ်အာရုံ တစ်ခုလုံးမှာလဲ မရဲ့ ..ရယ်သံတွေပဲ ကြားယောင်နေတော့ ခက်တယ်..။

ချစ်တဲ့ မရေ..
ပြိုင်ပွဲတစ်ခု မဟုတ်ပေမယ့် ..တခြားယောင်္ကျားတွေပါလာပြီဆိုရင်တော့ ...မောင်ပဲ နိုင်ချင်တယ်..။
မ..ဆီကို နိုင်ငံရပ်ခြား..phone call တွေ ၀င်လာတတ်တဲ့အချိန်တွေမှာ ... မောင်ကလဲ မကို နင့်နင့်သီးသီး လွမ်းနေခဲ့မှာလို့ မ..စိတ်ထဲမှာ တွေးမိရဲ့လား..။
မောင်က နည်းနည်း အားငယ်တတ်တယ်..။

မရေ..
တစ်ခဏတောင် မဝေးရဲလို့ ..တစ်ဘ၀စာဆိုတာ တွေးတောင်မတွေးရဲအောင် ဝေးမှာကြောက်တယ်..။
“သိပ် ချစ်တာပဲ မောင်ရယ်” လို့ ပြောနေတဲ့ကြားက .. မ ..ထားသွားမယ့် ရက်ကို ကြိုတွေးပြီး..မောင်သေမယ့်ရက်က တစ်နေ့တခြား ပိုနီးလာသလိုပဲလို့ ကျွန်တော်ပြောရင်
မ..က စိတ်ဆိုးချင်စိတ်ဆိုးချင် ဆိုးနေဦးမယ်.။
တကယ်တော့ .. မောင်က မ..ကို တစ်သက်တာလုံး ပိုင်ဆိုင်ချင်တာမို့ ...ကိုယ့်ကိုယ်ကိုတော့ အပြစ်လို့ မမြင်ချင်ဘူးရယ်..

Wednesday 14 April 2010

နှစ်သစ်မင်္ဂလာ

ဘယ်တော့မှမမေ့နိုင်တဲ့နေ့လေးပေါ့။

Friday 2 April 2010

မျက်

အရိပ်အယောင်တွေ ပြနေပြီလေ..
မိုးတွေကလည်း ရွာတော့မယ် ထင်ပါရဲ့
သံယောဇဉ်ကို မငဲ့ကွက်တတ်တဲ့ ပါးကွပ်သား မိုးတိမ်တွေလည်း
အခု .... ငါ့ကောင်းကင်မှာ ညိုမဲပြနေပေါ့..။

ဒီလိုပါပဲ
ချစ်သူရဲ့  ဥတုသုံးပါးဟာ
ငါ့ ကမ္ဘာမှာ သာတစ်ခါ ပျက်တစ်လှည့်
ငါ့ ရင်ဘတ်ဟာလဲ နာတစ်ခါ မျက်တလှည့်ရယ်ပါ။

ပြီးလုပြီးခင် ဇာတ်ဝင်ခန်းဟာ
နောက်ဆုံးအပိုင်းမှာ ရောက်နေခဲ့ပြီလား
အဖြစ်အပျက်အဟောင်းတွေကြားမှာ
ရင့်ကျက်ဖို့ အားယူနေပါတယ် ဆိုပါမှ
ကိုယ့် ချစ်သူကတော့
ကောက်ရိုးတစ်မျှင်ဆိုတာ ဝေးလို့
နှလုံးသားကိုတောင် ၀ါးကူထိုးပေးနေလေရဲ့ ။

ချစ်ခြင်းမေတ္တာကို တောင်တန်းတစ်ခုလို ထမ်းပိုးရင်း
သူ့ ခြေတော်ရင်းမှာ ၀ပ်ဆင်းဖို့
ဝဋ်ကြွေးတစ်ချို့နဲ့ မွေးဖွားခဲ့တဲ့ လူငယ်တစ်ယောက်
ငရဲက လာခဲ့သူမို့ ခုတော့ ပြာပူကိုလဲ မကြောက်ချင်တော့ပါဘူးလေ။

ကဲ.. ငါ့ရဲ့ ကောင်းကင်လေးရေ...
နင်စုထားတဲ့ နှစ်ချို့ နာကျည်းခြင်းတွေ
မုန်းတိုင်းလိုပဲ ငါ့ပေါ်ကို ခြွေချ
ငါ့အသည်းဟာ နင့်စက်ကွင်းမှာ ပြာကျနေခဲ့ပြီ။

Friday 26 March 2010

ပန်းတွေပွင့်တယ်

မ..ရဲ့ နှုတ်ခမ်းလေးကို
အတွေးထဲမှာ နမ်း
စိတ်ကူးယဉ်တာလေးတွေ နည်းနည်း ကြမ်းတမ်းတဲ့အခါ
ဟော..ကျွန်တော် ရင်ဘတ်မှာ ပန်းတွေ လာလာပွင့်တယ်။

ကျွန်တော့်ဘေးမှာ
မ..ရဲ့ လက်နွေးနွေးလေး ရှိနေတဲ့အခါ
ဘာမှ မလိုအောင်ပြည့်စုံ
စိတ်နဲ့ ခန္ဓာတစ်ခုလုံးကို မ အတွက် ပုံထားလိုက်တယ်။

မျက်လုံးလေးတွေ အသာမှိတ်
မ..ရင်ခွင်ထဲမှာ တစ်ခါလောက် အိမ်ခွင့်ရမယ်ဆိုရင်
ကြမ်းတမ်းချင်သလောက် ကြမ်းတမ်း
အဲဒီ ဘ၀ဆိုတဲ့ ခရီးလမ်းမှာ
ဒုက္ခဆိုလဲ ပုခုံးနဲ့ ထမ်းပြီးသွားမယ်။

ချစ်သောမရယ်..
မောင့် ကောင်းကင်မှာဆိုရင်လဲ
မင်းရဲ့ အပြုံးမျက်နှာလေးကို
လ တစ်စင်းလို ချိတ်ဆွဲထားလိုက်ချင်တယ်။

(မောင်)

Wednesday 24 March 2010

သစ္စာထား...

ချစ်သူရေ...
ပိုင်ဆိုင်ရတာနဲ့..ဆုံးရှုံးရတာဆိုရင်..
မပြိုင်ပဲနဲ့ အမြဲရှုံးခဲ့ရတဲ့ ကိုယ့်အတွက်..
မင်းက..
ဘုရားပေးတဲ့ ဆုလာဘ်ပေါ့.....။

အလိုမကျမှုတွေ..
အတ္တတွေနဲ့ ထွေးလုံးရစ်ပတ်..
မှောင်မိုက်နေတဲ့ ကိုယ့်စိတ်ဓါတ်တွေလဲ..
မင်းရဲ့ အချစ်တွေနဲ့..
နှစ်သိမ့်ရွှင်လန်း...
ကြည်လင် ငြိမ်းချမ်းခဲ့ပြီလေ...။

အခြေအနေမပေးလို့..
တို့နှစ်ယောက် မဆုံနိုင်သေးပေမယ့်..
သစ္စာတရားနဲ့ ခရီးဆက်..
ချစ်ခြင်းတွေနဲ့..
ဝေးရတဲ့ရက်တွေကို ကျော်ဖြတ်ကြမယ်...။

မနက်ဖန်တိုင်းက လှပ..
ချိုမြတဲ့ လေပြေညင်းရဲ့ ဂီတနဲ့အတူ..
အရာရာကို ရင်ဆိုင်..
လက်တွေ ခိုင်ခိုင်တွဲကြမယ်....။

တစ်ယောက်နဲ့ တစ်ယောက်..
နားလည်မှုတွေ တည်ဆောက်လို့..
သံသယမီးတောက်တွေကိုငြှိမ်း..
ဘယ်တော့မှ မစိမ်း ဘူးနော်....။

သူတစ်ကိုယ် ကိုယ်တစ်ခြား..
ဝေးရမယ့် စကားဆိုရင်..
တခွန်းမှ မ.ဟ..
လုံးဝ မေ့ထားကြမယ်....။

မင်းကိုချစ်တဲ့...ကိုယ့်ရဲ့အချစ်..
ကိုယ့်ကိုချစ်တဲ့...မင်းရဲ့အချစ်..
အမြဲတမ်းသစ်နေအောင်..
ကာရံတွေ ရှာကြံတွေး...
ကဗျာတွေ အပြန်အလှန်ရေးကြမယ်....။

ရေခြား မြေခြား..
ကမ္ဘာတစ်ခြမ်းပါ ခြားနေလို့..
စိတ်ချင်း ဆက်သွယ်...
အိပ်မက်တိုင်းမှာ တွေ့ကြမယ်နော်....။

ချစ်သူရေ..
လော်လည်ဖောက်ပြား..
မင်းအပြင်..တခြားရင်ခွင် ရှိသေးလားလို့..
သံသယအတွေး..
မြူမှုန်လောက်မှ မမွေးပါနဲ့ကွယ်....။

တခြားတစ်ယောက်အတွက်..
နောက်ထပ်မရှိတော့မယ့် ချစ်ခြင်းနဲ့...
မင်းအတွက်ကိုသာ..အလေးထား..
ဒါက..ကိုယ့်ရဲ့ ...
သစ္စာတရားပါပဲကွယ်.....။

(လေးညှိုရှင်)

Monday 22 March 2010

ချစ်သူ..သို့....




ချစ်သူ...
ကိုယ့်မနက်ဖြန်တွေကို..
ရှင်သန်စေခဲ့တဲ့အတွက်..
ကျေးဇူးပါ.....။

နေ့သစ်တစ်ခုကို အစပျိုး..
အိပ်ရာက ဖျပ်ခနဲ နိုးလိုက်တာနဲ့...
ကိုယ့်အတွက် .. မင်းရှိတယ်ဆိုတဲ့ အသိက..
တစ်နေ့တာရဲ့ ..အင်အား..
အဆိုးတွေကို ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်...။

တစ်နေ့တာ ပြီးဆုံးလို့...
နေလုံးကွယ်ပျောက်..ညအိပ်ချိန်ရောက်တဲ့အခါလည်း
မျက်စိမှိတ်လိုက်တာနဲ့...
မင်းအပြုံးကို မြင်ယောင်..
ကြယ်တစ်စင်းလို..
ကိုယ့်ဘ၀ကို အလင်းဆောင်တယ်လေ.....။

နေတစ်ခြမ်း..လတစ်ခြမ်း...
နာရီတွေ ကွာလှမ်းနေပေမယ့်..
တွန်းလှန်ဖယ်ရှား ...
ကမ္ဘာသစ် တစ်ခုဆီကို..အတူတူသွားကြမယ်...။

အဲ့ဒီကမ္ဘာမှာ..
အမုန်းအငြှိုးတွေ ပျောက်ဆုံး..
သံယောဇဉ်တွေ..နှောင်ထုံးကြမယ်...

အဲ့ဒီကမ္ဘာမှာ..
ပကာသနတွေ.သံသယတွေကို ..ခ၀ါချလို့..
နှစ်ကိုယ်တူ.ချစ်သမျှ..လှစ်ဟသီကေး..
ဖေးမပေးကြမယ်...

အဲ့ဒီကမ္ဘာမှာ..
သာယာလှပ.. အချိန်တိုင်းမွှေးမြနေအောင်..
မြတ်နိုးချင်းတွေနဲ့
ပန်းတစ်ခင်း ပျိုးကြမယ်...

ချစ်သူရေ...
ရတု အဆက်ဆက်.. အတူတူ ကျော်ဖြတ်ရအောင်..
ဒီအချိန်က..စ..
နားလည်မှုတွေနဲ့.. သွားကြမယ်နော်...။

(လေးညှို့ရှင်)


Saturday 20 March 2010

'' မ = ငါး '' ... '' မောင် = နွား''



မသစ်ရသေးတဲ့ မျက်နှာနဲ့ ကျွန်တော်သူ့ဆီ ထွက်လာလိုက်တယ်...။
အခုမှ ရေးတဲ့ ကဗျာတစ်ပုဒ်ပါတယ်... သူဖတ်ဖို့
အခုမှ တွေးတဲ့ စကားတစ်ချို့ပါတယ်... သူသိဖို့
အခုမှ သိတဲ့ ခံစားချက်တွေပါတယ်... သူပျော်ဖို့ ။

သူ့ကို စာလုံးပေါင်းတယ်..။
သံယောဇဉ်လို့ အသံထွက်ပြီး ...
နာကျင်မှုလို့ အဓိပ္ပာယ်ရတယ်..
သူ့ကို နောက်ယောင်ခံလိုက်တဲ့ နေ့တွေဆို
ကျွန်တော်ဘာစားစား ချိုနေတော့တာပဲ..။

သူ့အသံကို စိတ်ကူးနဲ့ ကြားယောင်တယ်
သူ့ကိုယ်ရိပ်ကို စိတ်မှန်းနဲ့ မြင်ယောင်တယ်
သူ့အတိတ်ကို ကိုယ်တိုင် လူစားဝင်တယ်
ပြီးတော့.. သူ့ ဆုတောင်းတွေကို တစ်သွေးတစ်သားအလေးထားချင်ခဲ့တယ်..။

သူ ..........
ကျွန်တော်ရဲ့ သူ........။

.................
.................

သူ...က စကားပြောဖော်
သူ...က ကိုယ်ပွား
သူ...က သံစဉ်တစ်ပုဒ်
သူ...က ပဟေဠိတစ်သွယ်....
ကျွန်တော်ဟာ သူ့အတွက်
သူ့အတွက်ကလည်း ကျွန်တော်
ဘာပဲဖြစ်ဖြစ်ပျော်တယ်...။

ကျွန်တော့်အတွက် သူဖြစ်ခွင့် မရရင်
သူ့ အတွက်တော့ ကျွန်တော်ဖြစ်ချင်မိတယ်။
ဘယ်လောက်များတောင် ရူးလဲဆို
ကျွန်တော့် အသိဥာဏ်တရားကို
သူ့အတွက် ငယ်ထားချင်တယ်..။
ကျွန်တော့်ရဲ့ နေရာလွတ်ကို
သူ့အတွက် ဖယ်ထားပေးချင်တယ်။


ကျွန်တော်ဆိုတဲ့ကောင်က သူ မလိုအပ်ရင် ပြန်ဖျက်ပေးလို့ရတဲ့ သင်ပုန်းတစ်ခု
သူဆိုတဲ့ “မ”က ကျွန်တော်လိုအပ်နေချိန်မှာလဲ မလာဘဲနေနိုင်တဲ့ မီးပြတိုက်တစ်ခု။

သူက သူလိုချင်သလို အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါ
ကျွန်တော်က သီအိုရီချင်းမတူပေမယ့် ထောက်ခံ
အားလုံးကို သူ့အတွက် မှန်ပေးချင်ခဲ့တယ်.။

ရိုးရိုးသားသား ၀န်ခံရရင်လေ....
သူဟာ ကုန်းပေါ် ပစ်တင်တာ ခံရတဲ့ ငါး...
ကျွန်တော်က ပင်လယ်ကို ချောင်းထင်ပြီး ကူးတဲ့ နွား..
ကျွန်တော်တို့ တစ်တွေ
ရာဇ၀င်တွင်အောင် မှားကြတယ်။