ကျွန်တော့်အတွက် သူဖြစ်ခွင့် မရရင် သူ့ အတွက်တော့ ကျွန်တော်ဖြစ်ချင်မိတယ်။ ဘယ်လောက်များတောင် ရူးလဲဆို ကျွန်တော့် အသိဥာဏ်တရားကို သူ့အတွက် ငယ်ထားချင်တယ်..။ ကျွန်တော့်ရဲ့ နေရာလွတ်ကို သူ့အတွက် ဖယ်ထားပေးချင်တယ်။ သူ့ကို စာလုံးပေါင်းတယ်..။ သံယောဇဉ်လို့ အသံထွက်ပြီး ... နာကျင်မှုလို့ အဓိပ္ပာယ်ရတယ်.. သူ့ကို နောက်ယောင်ခံလိုက်တဲ့ နေ့တွေဆို ကျွန်တော်ဘာစားစား ချိုနေတော့တာပဲ..။

Friday 26 March 2010

ပန်းတွေပွင့်တယ်

မ..ရဲ့ နှုတ်ခမ်းလေးကို
အတွေးထဲမှာ နမ်း
စိတ်ကူးယဉ်တာလေးတွေ နည်းနည်း ကြမ်းတမ်းတဲ့အခါ
ဟော..ကျွန်တော် ရင်ဘတ်မှာ ပန်းတွေ လာလာပွင့်တယ်။

ကျွန်တော့်ဘေးမှာ
မ..ရဲ့ လက်နွေးနွေးလေး ရှိနေတဲ့အခါ
ဘာမှ မလိုအောင်ပြည့်စုံ
စိတ်နဲ့ ခန္ဓာတစ်ခုလုံးကို မ အတွက် ပုံထားလိုက်တယ်။

မျက်လုံးလေးတွေ အသာမှိတ်
မ..ရင်ခွင်ထဲမှာ တစ်ခါလောက် အိမ်ခွင့်ရမယ်ဆိုရင်
ကြမ်းတမ်းချင်သလောက် ကြမ်းတမ်း
အဲဒီ ဘ၀ဆိုတဲ့ ခရီးလမ်းမှာ
ဒုက္ခဆိုလဲ ပုခုံးနဲ့ ထမ်းပြီးသွားမယ်။

ချစ်သောမရယ်..
မောင့် ကောင်းကင်မှာဆိုရင်လဲ
မင်းရဲ့ အပြုံးမျက်နှာလေးကို
လ တစ်စင်းလို ချိတ်ဆွဲထားလိုက်ချင်တယ်။

(မောင်)

No comments:

Post a Comment

မ .. ပဲ သိတဲ့ ဆိုဒ်လေ.. မ..ရေးချင်တာရေးခဲ့ပေါ့