ကျွန်တော့်အတွက် သူဖြစ်ခွင့် မရရင် သူ့ အတွက်တော့ ကျွန်တော်ဖြစ်ချင်မိတယ်။ ဘယ်လောက်များတောင် ရူးလဲဆို ကျွန်တော့် အသိဥာဏ်တရားကို သူ့အတွက် ငယ်ထားချင်တယ်..။ ကျွန်တော့်ရဲ့ နေရာလွတ်ကို သူ့အတွက် ဖယ်ထားပေးချင်တယ်။ သူ့ကို စာလုံးပေါင်းတယ်..။ သံယောဇဉ်လို့ အသံထွက်ပြီး ... နာကျင်မှုလို့ အဓိပ္ပာယ်ရတယ်.. သူ့ကို နောက်ယောင်ခံလိုက်တဲ့ နေ့တွေဆို ကျွန်တော်ဘာစားစား ချိုနေတော့တာပဲ..။

Saturday, 13 March 2010

အသက်မဲ့

ဟဲလို ...
ဟုတ်ကဲ့..
ကျွန်တော်ပါ..

စိတ်ကူးထဲမှာ ဖုန်းလာလို့ စိတ်ကူးထဲမှာ ထကိုင်ကြည့်လိုက်မိတယ်။

“ထမင်းစားပြီးပြီလား.”
“ည က သောက်သေးလား တဲ့.။
“ဟင့်အင်း..မရယ် ကျွန်တော် မစားရသေးဘူးဆိုတော့
အရင်ဆူနေကြအတိုင်း ဆူလိုက်သေးတာပဲ”
“အခုထိ မစားရသေးဘူး.. မင်း မစကားကို နားမထောင်ဘူးနော်..အခုသွားစား”..တဲ့..

မရေ..
လွမ်းလိုက်တာ..
ဖုန်းခေါ်သံတွေကြားတိုင်း ကျွန်တော့်ရင်ဘတ်ကို မုန်တိုင်းတစ်ခု ၀င်ဝင်မွှေတယ်.။

မရေ..
အိပ်ရာက နိုးတယ်.. အသက်မဲ့
မုန့်ဟင်းခါးစားတယ်.. အသက်မဲ့
လဘက်ရည်သောက်တယ်..အသက်မဲ့
ရယ်တယ် ..ပြုံးတယ်..အသက်မဲ့
မ မရှိတော့တဲ့အခါ အရာအားလုံး အသက်မဲ့ပေါ့။

မရေ..
နေနိုင်သူကြီးရေ..
ကျွန်တော် လွမ်းနေမှာကို သိတယ်မို့လား.။
တမ်းတနေမှာကို သိတယ်မို့လား..။
သိသိကြီးနဲ့ ပစ်ထားရက်တယ်နော်..မရယ်။
မ သိပ်ရက်စက်တယ်.။

No comments:

Post a Comment

မ .. ပဲ သိတဲ့ ဆိုဒ်လေ.. မ..ရေးချင်တာရေးခဲ့ပေါ့