ကျွန်တော့်အတွက် သူဖြစ်ခွင့် မရရင် သူ့ အတွက်တော့ ကျွန်တော်ဖြစ်ချင်မိတယ်။ ဘယ်လောက်များတောင် ရူးလဲဆို ကျွန်တော့် အသိဥာဏ်တရားကို သူ့အတွက် ငယ်ထားချင်တယ်..။ ကျွန်တော့်ရဲ့ နေရာလွတ်ကို သူ့အတွက် ဖယ်ထားပေးချင်တယ်။ သူ့ကို စာလုံးပေါင်းတယ်..။ သံယောဇဉ်လို့ အသံထွက်ပြီး ... နာကျင်မှုလို့ အဓိပ္ပာယ်ရတယ်.. သူ့ကို နောက်ယောင်ခံလိုက်တဲ့ နေ့တွေဆို ကျွန်တော်ဘာစားစား ချိုနေတော့တာပဲ..။

Wednesday, 17 March 2010

ချစ်သောမ





ချစ်ရမယ့်သူတစ်ယောက် ကိုယ့်ဘ၀ထဲကို ရောက်လာတော့မယ်ဆိုရင်
လူတိုင်းမှာ မှတ်မှတ်ထင်ထင်ဖြစ်ရပ်လေးတွေ ရှိနေတတ်မှာပါ မရေ..။
အဲဒီ ဖြစ်ရပ်ကလေးကိုပဲ တခန်းတနား၊ အဆန်းတပြားလေး ဖြစ်စေချင်တဲ့စိတ်နဲ့
ကိုယ်ခြယ်မှုန်းတတ်ရင် ခြယ်မှုန်းတတ်သလောက် ဂုဏ်မြောက်အောင် လုပ်တတ်ကြတာလဲ လူတိုင်းလိုလိုပါပဲ။
ဥပမာ...
ပန်းချီသမားက ပန်းချီကားလေးနဲ့ တင်စားမယ်..။
ပန်းပုသမားက သစ်သားလေးနဲ့ ရုတ်လုံးထုမယ်..။
စာသမားက အလင်္ကာတွေနဲ့ ခြယ်မှုန်းမယ်။
ဂီတသမားက သံစဉ်..စာသားနဲ့ ကြွားလုံးပိုမယ်.။
အို.. နောက်ဆုံးမှာ မရယ်
ဆိုက်ကားသမားတောင် ဆိုက်ကားလေးနဲ့ ချစ်သူကိုကြိုဆိုရင်း
သူတို့ ရဲ့ ပထမဆုံးတွေ့ဆုံးခြင်းကို အနုပညာဆန်ချင်ကြလိမ့်မယ်။
မရေ.. ကိုယ့်ချစ်သူနဲ့ ပတ်သက်ရင် အရာအားလုံးကို လှပစေချင်ကြတာ လူတိုင်းပဲ ထင်ပါရဲ့ ။
ကျွန်တော်လဲ အဲဒီလိုပါပဲ မရေ..

ကျွန်တော့်ချစ်သူကို ကျွန်တော်ဘယ်လို ဖွဲ့နွဲ့ရမလဲ...
စိတ်ကူးတွေ ယဉ်လိုက်..စိတ်ကူးတွေ ရိုင်းလိုက်.. ကျွန်တော်ကတော့ လူမိုက်ပဲ ထင်ပါရဲ့
မ ..ရေ.
မ..အကြောင်းတွေကို ရေးဦးမယ်..
ရေးနေဦးမယ်......
ကျွန်တော့် အသက်ထက်ဆုံး ရေးသွားပါဦးမယ်..။

No comments:

Post a Comment

မ .. ပဲ သိတဲ့ ဆိုဒ်လေ.. မ..ရေးချင်တာရေးခဲ့ပေါ့