
ချစ်သူ...
ကိုယ့်မနက်ဖြန်တွေကို..
ရှင်သန်စေခဲ့တဲ့အတွက်..
ကျေးဇူးပါ.....။
နေ့သစ်တစ်ခုကို အစပျိုး..
အိပ်ရာက ဖျပ်ခနဲ နိုးလိုက်တာနဲ့...
ကိုယ့်အတွက် .. မင်းရှိတယ်ဆိုတဲ့ အသိက..
တစ်နေ့တာရဲ့ ..အင်အား..
အဆိုးတွေကို ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်...။
တစ်နေ့တာ ပြီးဆုံးလို့...
နေလုံးကွယ်ပျောက်..ညအိပ်ချိန်ရောက်တဲ့အခါလည်း
မျက်စိမှိတ်လိုက်တာနဲ့...
မင်းအပြုံးကို မြင်ယောင်..
ကြယ်တစ်စင်းလို..
ကိုယ့်ဘ၀ကို အလင်းဆောင်တယ်လေ.....။
နေတစ်ခြမ်း..လတစ်ခြမ်း...
နာရီတွေ ကွာလှမ်းနေပေမယ့်..
တွန်းလှန်ဖယ်ရှား ...
ကမ္ဘာသစ် တစ်ခုဆီကို..အတူတူသွားကြမယ်...။
အဲ့ဒီကမ္ဘာမှာ..
အမုန်းအငြှိုးတွေ ပျောက်ဆုံး..
သံယောဇဉ်တွေ..နှောင်ထုံးကြမယ်...
အဲ့ဒီကမ္ဘာမှာ..
ပကာသနတွေ.သံသယတွေကို ..ခ၀ါချလို့..
နှစ်ကိုယ်တူ.ချစ်သမျှ..လှစ်ဟသီကေး..
ဖေးမပေးကြမယ်...
အဲ့ဒီကမ္ဘာမှာ..
သာယာလှပ.. အချိန်တိုင်းမွှေးမြနေအောင်..
မြတ်နိုးချင်းတွေနဲ့
ပန်းတစ်ခင်း ပျိုးကြမယ်...
ချစ်သူရေ...
ရတု အဆက်ဆက်.. အတူတူ ကျော်ဖြတ်ရအောင်..
ဒီအချိန်က..စ..
နားလည်မှုတွေနဲ့.. သွားကြမယ်နော်...။
(လေးညှို့ရှင်)
No comments:
Post a Comment
မ .. ပဲ သိတဲ့ ဆိုဒ်လေ.. မ..ရေးချင်တာရေးခဲ့ပေါ့