မ၀ံ့သည်သာ...
............................
မြေလွှာပေါ် အကြွေရောက်
ဖွဖွလေးကောက် ကြိုးနဲ့ သီ
ချစ်သူဆီ ပဏာဆက်မည်ပေါ့...ပြေးလာခဲ့သည်။
လာခဲ့သော်ငြား နောက်ကျပြီ....
ပင်မြင့်မှာ ပန်းသဇင် ဝေပြီမို့
ကိုယ် ပို့တဲ့ ပန်းအကြွေ ခရေညှိုးရယ်က
တန်ဖိုးမဲ့ သူ့နေရာ...
မြေလွှာပေါ် ပြန်ကာ သက်မည်ပေါ့...
စိတ်လျှော့ရသည်.. ဆောင်းရာသီ ။
မ၀ံ့သည်သာ....
.................................
စံပယ်တွေ လှိုင်လှိုင်မြူးပြီမို့
ပွင့်ဦးစ အဖူးအခတ်ကို
သူ့အတွက်လို့ ရွယ်ရည်
သည်တစ်ခါ နောက်ကျလျှင် မဖြစ်ပြီမို့
အပို့စောရန် ကြိုးစားခဲ့သော်ငြား
ထိပ်ထားရဲ့  ကေသာဦးမှာ
ဂုဏ်ထူးသူ နှင်းဆီဖူးရယ်က
အရင်ဦး ရောက်နှင့်ပြန်သည်ပေါ့
စိတ်လျှော့ရသည်...မိုးရာသီ ။
မောင် မ၀ံ့သည်သာ .....
............................
စိန်ပန်းပြာ နွေခါဦးမှာ ဖူးပွင့်ပြန်တာ ....။
မှူးသက်လျာ ဒေ၀ီ အတွက်
ပို့ဆက်ဖို့ ဘယ်လို ကြိုးသော်လည်း
ကိုယ် ဆုံးဖြတ်မရဲပါ။
ဒီအချိန်ဖြင့် သူ့ ကေသာ
ပိတောက်ဝါ ဂုဏ်အမြင့်က
ထူးတင့်မည်ပေါ့ သေချာ။
သုံးရာသီ အချစ်ကို သိစေချင်သော်ငြား
မောင်သွားလျှင် မောင့် အမှားပေမို့
စိန်ပန်းပြာ မျက်နှာမွဲကို
ရင်ကွဲစေ အံကိုကြိတ်
မျိုသိပ်လို့ ထွေးပိုက်ရသည်...
သြော်....လွမ်းရပါသော နွေရာသီ..။။
No comments:
Post a Comment
မ .. ပဲ သိတဲ့ ဆိုဒ်လေ.. မ..ရေးချင်တာရေးခဲ့ပေါ့